များများဖတ်ရန်
  • အီတာလီလျံ အစားစာ / အနောက်တိုင်း အစားစာ / ဘား
  • K.15000-50000
  • K.15000-50000

De Da De Bar and Restaurant သည် ရန်ကုန် မြို့ရဲ့ အချက်အချာကျပြီး လူစည်ကားရာ နေရာတစ်ခုဖြစ်တဲ့ မရမ်းကန်းမြို့နယ်၊ သမိုင်း လမ်းဆုံရှိ Hotel Heaven အပေါ်ဆုံးထပ်တွင် တည်ရှိပါသည်။ ကျယ်ဝန်း သန့်ရှင်းတဲ့ နေရာတွင် အတွင်း အပြင် စားပွဲဝိုင်းများ ခင်းကျင်းထားပြီး ဆိုင်အတွင်းဘက်တွင် အေးအေးဆေးဆေး စားသောက်နိုင်သလို ဆိုင်အပြင်ဘက်တွင်လည်း လေကောင်း လေသန့် ခံစားရင်း Roof Top မှနေ၍ ရန်ကုန်မြို့ရဲ့ အလှအပကို ခံစားနိုင်မှာ ဖြစ်ပြီး လုပ်ငန်းအကြောင်းအရာများ ဆွေးနွေးချင်သူများ၊ မိသားစု (သို့မဟုတ်) သူငယ်ချင်းများနဲ့ နေလည်စာ၊ ညစာ သုံးဆောင်လိုသူများ အတွက် အလွန် အဆင်ပြေစေတဲ့ နေရာလေးတစ်ခု ဖြစ်ပါသည်။
De Da De စားသောက် ဆိုင်ရဲ့အဓိက အစားအသောက်များ အနေနဲ့ တရုတ်အစားအစာ၊ ထိုင်းအစားအစာ၊ အီတလီအစားအစာ၊ အင်ဒိုနီးရှားအစားအစာ၊ မလေးရှားအစားအစာ များနှင့် ယူရိုပီယမ်အစားအစာများကို စုံလင်စွာ မှာယူသုံးဆောင်နိုင်မှာ ဖြစ်ပါသည်။ ဆိုင်ရဲ့ အစားအသောက်များကို ပြင်ဆင် ချက်ပြုတ်ပေးတဲ့ စားဖိုမှူးများ မှာလည်း နိုင်ငံခြား အတွေ့အကြုံရှိ ဝါရင့် ကျွမ်းကျင် စားဖိုမှူးများ ဖြစ်ပဲ ဖြစ်ပါသည်။ ဆိုင်အတွင်းဘက်မှာ Bar Area လည်းရှိပြီး အမျိုးအစား စုံလင်တဲ့ အရက်၊ ဘီယာ၊ ဝိုင်၊ ကော့တေး၊ မော့တေး များရရှိနိုင်ပါသည်။ ဒါ့အပြင်ကော်ဖီ အမျိုးမျိုး၊ ရာသီပေါ် သစ်သီးဖျော်ရည် အမျိုးမျိုးနှင့် Soda ၊ Soft Drink တို့ကိုလည်း Drink Menu မှာ စုံလင်စွာ ရရှိနိုင်မှာ ဖြစ်ပါသည်။
ကျယ်ဝန်း ခမ်းနားပြီး လူဦးရေ ၁၀၀ ကျော်စာအတွက် အစားအသောက် ဘူးဖေးစီစဉ်ပေးကာ တစ်ပြိုင်နက်တည်း တည့်ခင်း ဧည့်ခံနိုင်တာကြောင့် Company Party ၊ Group Party ၊ Dinner Party နှင့် Birthday Party များ ကျင်းပ ပြုလုပ်နိုင်ရန် အကောင်းဆုံး နေရာ တစ်နေရာ ဖြစ်ပါတယ်။ အစားအသောက်များရဲ့ ဈေးနှုန်းမှာလည်း သင့်တင်မျတကာ ဆိုင်ရှိ ဝန်ထမ်းများမှာလည်း ဖော်ရွှေပျူငှာပြီး အကောင်းဆုံး ဝန်ဆောင်မှု ပေးသောကြောင့် သွားရောက်သူတိုင်း စိတ်ကျေနပ်စေမှာ ဖြစ်ပါသည်။

De Da De Bar and Restaurant

  • အီတာလီလျံ အစားစာ | အနောက်တိုင်း အစားစာ | ဘား
  • အီတလီစတိုင်ခေါက်ဆွဲ | ပီဇာ | အချိုပွဲ | ဟမ်ဘာဂါ | ဟင်းချို | ယမကာ | အသုပ် | သစ်သီးဖျော်ရည် | အသားညှပ် ပေါင်မုန့် | မုန့် အချိုပွဲ
  • ခရစ်ဒစ်ကတ် | ဗီဇာကတ် | မာစတာကတ် | ယူနီယန် ကတ် | ဂျေစီဘီ ကတ်
  • အင်္ဂလိပ် ဘာသာ
  • အင်္ဂလိပ်
  • ဆေးလိပ်သောက်ခွင့် | ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | အားကစား တီဗွီ | ကားရပ်ထားရန်နေရာ | အင်တာနက်သုံးစွဲခွင့် | လေအေးပေးစက်
  • အဖွဲ့လိုက်၊ပါတီ | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | စီးပွားရေး လုပ်ငန်းရှင် | အမျိုးသား | အမျိုးသမီး
  • +959254680600
  • 11:00 AM - 11:00 PM ( ဘာမှမရှိပါ )
  • No. 5, Kyaik Waing Pagoda Rd., No 3 Ward, Mayangone Township, Yangon.
  • အနီးအနား သမိုင်း မှတ်တိုင် 2 မိနစ် လမ်းလျှောက်လျှင် ကြာချိန်
  • Facebook
  • Web Site
  • 70

ထောက်ခံချက် အမှတ်အသား