များများဖတ်ရန်
  • အခြား အစားစာ
  • K.10000-0
  • K.10000-0
Vietnamese Food
Private Room
Dining Room
Cyclo Vietnamese Restaurant

Cyclo Vietnamese Restaurant

Cyclo ဗီယမ်နမ် စားသောက်ဆိုင် ကိုတော့ ဦးဝိစာရလမ်း ၊ ပြည်သူ့ ရင်ပြင် ၀န်းအတွင်း ၊ ဒဂုံမြို့ နယ်၊ ရန်ကုန် မြို့ မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါသည်။ Cyclo ကတော့ ရန်ကုန်မြို့ မှာ အကောင်းဆုံး ဗီယမ်နမ် စားသောက်ဆိုင် တစ်ဆိုင်ဖြစ်ပြီး ကျယ်ဝန်းတဲ့ ကားပါကင် လည်းပါရှိပါသည်။

ဆိုင် အတွင်းပိုင်း အပြင်ဆင် များကိုတော့ ဗီယမ်နမ် ကျေးလက်စားသောက်ဆိုင်စတိုင် ပြင်ဆင်ထားပြီး ခေတ်မှီ စတိုင်ကျလှပတဲ့ Setting များ၊ သန့် ရှင်းသပ်ရပ် ကျယ်ဝန်းပြီး လေကောင်းလေ သန့် လည်း ရရှိနိုင်သောကြောင့် အရသာရှိသော ဟင်းလျာ များကို အေးချမ်းစွာ စားသုံးနိုင်မှာဖြစ်ပါသည်။

ပျှမ်းမျှ ကုန်ကျစရိတ်ကတော့ တစ်ယောက်စာလျှင် နေ့ လည်စာနှင့် ညစာ အတွက် ၁၀၀၀၀ ကျပ် အထိ ကျသင့်နိုင်ပါသည်။

ဗီယမ်နမ် အစားအစာ ကတော့ ဆိုင်ရဲ့ အဓိက အစားအစာ ဖြစ်ပြီး ဗီယမ်နမ် အရသာ စစ်စစ်ကို သုံးဆောင်နိုင်မှာ ဖြစ်ပါသည်။ ဒါ့အပြင် သောက်စရာ အတွက် ကတော့ ရာသီချိန် သစ်သီးဖျော်ရည်များ ၊ Refreshment Juice များနှင့် ဘီယာကိုလည်း ရရှိနိုင်ပါသည်။ ထောပတ်သီး ၊ သံပရာရည် ၊ နာနတ်သီး ၊ ဖရဲသီးနှင့် သရက်သီးဖျော်ရည် တို့ ကတော့ လူကြိုက်အများဆုံး သစ်သီးဖျော်ရည်များဖြစ်ပါသည်။

Beef Noodle, Hanoi Style Seafood Spring Roll, Morning Glory Salad, Hue Style Beef Noodle, 3 Kinds of Chicken, Stir Fried Brocolli with Shrimp, Sour Fish Soup, Vegetable Soup, Vietnamese Braised Fish နှင့် Grilled Pork Noodle တို့ ကတော့ လူကြိုက်များတဲ့ ဟင်းလျာ များဖြစ်ပါသည်။ ဟင်းလျာများအားလုံးကတော့ ဗီယမ်နမ် စားဖိုမှူးကြီးများမှ ပြင်ဆင်ပေးထားတာ ဖြစ်ပြီး လတ်ဆတ်ပီး အရသာ ပြည့်ဝသောကြောင့် မြည်းစမ်းကြည့်ဖို့ အကြံပြုထားတဲ့ အစားအစာ များဖြစ်ပါသည်။

Sausage Platter, Chicken Schnitzel and Currywurst & Flammkuchen (Pizza) တို့ ကတော့ ဂျာမန် အရသာစစ်စစ် ကို ရရှိနိုင်တာမို့ စားဖိုမှူး မှ မြည်းစမ်းကြည့်ဖို့ အကြံပြုထားပါတယ်။ ဆိုင်ရဲ့ အဓိက ဟင်းလျာ များဖြစ်တဲ့ Suckling Pig နှင့် Crispy Pork Knuckle တို့ ကို စားသုံးမယ်ဆိုရင်တော့ အော်ဒါ တစ်ရက် ကြိုတင်မှာရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ၀န်ထမ်းများမှာ လည်း အင်္ဂလိပ် ဘာသာ စကားပြောဆိုနိုင်သောကြောင့် နိုင်ငံခြားသား ဧည့်သည် များလည်း အရသာရှိသော ဟင်းလျာ များကို အဆင်ပြေ ချောမွေ့ စွာ စားသုံးနိုင်ပါသည်။ အထူးသဖြင့် Cyclo စားသောက် ဆိုင်လေးကတော့ Business Dining , Family Dining, Gathering Part, Birthday Party များ ကျင်းပရန် အတွက်လည်း အဆင်ပြေပြီး အခြားသော Social Events များကိုလည်း ဈေးနှူန်းသင့်တင့်စွာ ကျင်းပနိုင်ပါသည်။

ဒါကြောင့် ဗီယမ်နမ် အရသာ စစ်စစ် ဟင်းလျာများကို စားသုံးချင်တယ်ဆိုရင်တော့ Cyclo စားသောက်ဆိုင်လေးကို သာ အရောက် လှမ်းလာခဲ့လိုက်ပါ။ ဖော်ရွေသော ၀န်ထမ်းများနှင့် အံ့သြဖွယ် ၀န်ဆောင်မှု့ တွေ က လူကြီးမင်းတို့ ကို စိတ်ကျေနပ်မှု့ အပြည့်ဝ ရရှိစေမှာ ဖြစ်ပါသည်။

Cyclo Vietnamese Restaurant

  • အခြား အစားစာ
  • ထမင်း နှင့်ဟင်းလျာ | အချိုပွဲ
  • တရုတ်ဘာသာ
  • သီးသန့်အခန်း | ကားရပ်ထားရန်နေရာ | လေအေးပေးစက်
  • စုံတွဲ | အဖွဲ့လိုက်၊ပါတီ | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | စီးပွားရေး လုပ်ငန်းရှင် | အမျိုးသား | အမျိုးသမီး | သင်တင့်သောဈေးနှုန်း
  • 09 769 668899
  • 08:00 AM - 11:00 PM ( ဘာမှမရှိပါ )
  • U Wisara Road, Myanmar Culture Valley, Dagon Township, Yangon
  • Facebook
  • 200

ထောက်ခံချက် အမှတ်အသား