များများဖတ်ရန်
  • အီတာလီလျံ အစားစာ / အနောက်တိုင်း အစားစာ / အခြား အစားစာ
  • K.10000-20000
  • K.30000-50000
4500 MMK
4000 MMK
8000 MMK

Cafe Caesar (Myay Ni Gone Branch) ဆိုင်သည် အမှတ်-၈၆ ၊ ရှင်စောပုလမ်း ၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်တွင် ဖွင့်လှစ်ထာပြီး အခြားဆိုင်ခွဲ ၂ ဆိုင်ကိုလည်း အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သော ဆိုင်ဖြစ်ပါတယ်။ ဆိုင်တွင် ရရှိနိုင်သော အစားအစာများမှာ အီတလီအစားအစာများ ၊ ကော်ဖီများ ၊ အခြားအအေးများနှင့် လတ်ဆတ်သော ရာသီပေါ်သစ်သီးဖျော်ရည်များကို စားသုံးသူများ စိတ်တိုင်းကျ ၀န်ဆောင်မှုပေးသော ဆိုင်ဖြစ်ပါတယ်။ Cafe Caesar (Myay Ni Gone Branch) တွင် အတွေ့အကြုံများသော ဝါရင့်စားဖိုမှုးများမှ ချက်ပြုတ်ပြင်ဆင်ပေးသောကြောင့် အီတလီအရသာ စစ်စစ်ကို စားသုံးချင်သူများအတွက် အဆင်ပြေစေပါတယ်။
Cafe Caesar (Myay Ni Gone Branch) ၏စားစရာဈေးနုန်းများမှာလည်း ၃၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အတွင်း တစ်ယောက်စာ လုံလောက်နိုင်ပါတယ်။ ဆိုင်ဖွင့်ချိန်မှာ မနက် ၁၀ နာရီတွင် စတင်ဖွင့်လှစ်သောကြောင့် ဆိုင်ကောင်းကောင်းတွင် နေ့လည်စာနှင့် ညစာကို အရသာ ရှိရှိ စားသုံးချင်သူများအတွက် အဆင်ပြေစေပါတယ်။ ဆိုင်တွင် Pasta ၊ Pizza နှင့် spaghetti တို့မှာ စားသုံးသူများ၏ အကြိုက်ဆုံးဟင်းလျှာများဖြစ်ပြီး ဆိုင်၏ အရောင်းရဆုံးဟင်းလျှာများလည်း ဖြစ်ပါတယ်။
ဆိုင်အပြင်အဆင်ကတော့ သန့်ရှင်းသပ်ရပ်စွာဖြင့် ပြင်ဆင်ထားပြီး အတွင်းပိုင်းတွင်တော့ ခေတ်မှီသော အပြင်အဆင်များဖြင့် ဖွဲ့စည်းထားသောကြောင့် ၀င်ရောက်လာသူတိုင်းကို စိတ်ကျေနပ်မှု ရရှိစေပါတယ်။ Cafe Caesar (Myay Ni Gone Branch) ဆိုင်၏ တံခါးများကိုလည်း မှန်များဖြင့် ကာရံထားသောကြောင့် ဆိုင်အတွင်းတွင် အေးဆေးအနားယူရင်း အပြင်ဘက်သို့ လှမ်းမြင်နိုင်ပါတယ်။ ဆိုင်ရှိ စားပွဲဝိုင်းများတွင်လည်း လူဦးရေ ၂ ဦး သို့မဟုတ် ၄ ဦး ထိုင်၍ စားသုံးနိုင်သောကြောင့် ချစ်သူစုံတွဲများအတွက် အဆင်ပြေစေပါတယ်။
ဆိုင်ရှိ ၀န်ထမ်းများမှာလည်း ဖွေရွေသော အပြုံးများဖြင့် သွက်လက်မြန်ဆန်စွာ ၀န်ဆောင်မှုပေးပြီး ၀န်ထမ်းများမှာလည်း အင်္ဂလိပ်ဘာသာကို ကောင်းမွန်စွာ ပြောဆိုနိုင်သောကြောင့် နိုင်ငံခြားသားများအတွက်လည်း အဆင်ပြေစေပါတယ်။ အစားအစာလည်း အရသာရှိပြီး ၀န်ထမ်းများဝန်ထမ်းများ ၀န်ဆောင်မှုကောင်းမှုတို့ကြောင့် Caesar (Myay Ni Gone Branch) သည် ရန်ကုန်မြို့၏ အကောင်းဆုံး ဆိုင်တစ်ဆိုင်လည်း ဖြစ်ပါတယ်။


Cafe Caesar (Myay Ni Gone Branch)

  • အီတာလီလျံ အစားစာ | အနောက်တိုင်း အစားစာ | အခြား အစားစာ
  • အီတလီစတိုင်ခေါက်ဆွဲ | ပီဇာ | အချိုပွဲ | ဟမ်ဘာဂါ | အသုပ် | သစ်သီးဖျော်ရည် | အအေး
  • ခရစ်ဒစ်ကတ် | ဗီဇာကတ် | မာစတာကတ် | ယူနီယန် ကတ် | ဂျေစီဘီ ကတ်
  • အင်္ဂလိပ် ဘာသာ
  • အင်္ဂလိပ်
  • အိမ်တိုင်ရာရောက်ပို့ ပေးသည်၊ | ဆေးလိပ်သောက်ခွင့် | သီးသန့်အခန်း | ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | အားကစား တီဗွီ | ကားရပ်ထားရန်နေရာ | အင်တာနက်သုံးစွဲခွင့် | လေအေးပေးစက်
  • စုံတွဲ | အဖွဲ့လိုက်၊ပါတီ | နိုင်ငံခြားမှလာရောက်လည်ပတ်သူ | စီးပွားရေး လုပ်ငန်းရှင် | အမျိုးသား | အမျိုးသမီး
  • +959 250108513
  • +959 799647788
  • 10:00 AM - 09:30 AM ( ဘာမှမရှိပါ )
  • No.86, Shin Saw Pu Road,Myay Ni Gone, Sanchaung Township, Yangon.
  • အနီးအနား မြေနီကုန်းမှတ်တိုင် မှတ်တိုင် 14 မိနစ် လမ်းလျှောက်လျှင် ကြာချိန်
  • Facebook
  • 130

ထောက်ခံချက် အမှတ်အသား