များများဖတ်ရန်
  • ကိုရီးယား အစားစာ
  • K.10000-20000
  • K.10000-30000

Bulgogi Bulgogi Brothers Korean Restaurant ကို ဇန်နဝါရီ ၊၂၀၁၄ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ကမာရွတ်မြို့နယ် ၊ နာနတ်တောလမ်း ၊ ဆိုဟို ဒိုင်းမွန်း တာဝါ မြေညီထပ်မှာ တည်ရှိပါတယ်။ စားသောက်ဆိုင်မှာ နှစ်ထပ်ရှိကာ ကျယ်ဝန်းပြီး အေးချမ်း ဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်မှာ တည်ရှိပါတယ်။ ခမ်းနား သန့်ရှင်းတဲ့ အပြင်အဆင်များရှိကာ အေးအေးဆေးဆေး စားသောက်နိုင်တာကြောင့် မိသားစု (သို့မဟုတ်) သူငယ်ချင်းများနဲ့ သွားရောက်လို့ ကောင်းတဲ့နေရာတစ်ခု ဖြစ်ပါတယ်။
ကိုရီးယား အစားအစာ တစ်မျိုးတည်းကိုသာ အဓိကရောင်းချပြီး စားဖိုမှူးမှာလည်း ဝါရင့် အတွေ့အကြုံ ရှိသူ ဖြစ်တာကြောင့် ကိုရီးယား အရသာ စစ်စစ်ကို ခံစားပြီး သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ အစားအစာများရဲ့ ပါဝင်ပစ္စည်း ၈၀% ကို ကိုရီယား ၊ သြစတေးလျ ၊ အမေရိကား စတဲ့ နိုင်ငံများမှ မှာယူ တင်သွင်းထားတာကြောင့် အရည်အသွေး ကောင်းမွန်ပြီး အရသာမှာ ထူးခြားနေမှာ ဖြစ်ပါတယ်။ Drink Menu တွင်လည်း လတ်ဆတ်သော ရာသီပေါ် သစ်သီး ဖျော်ရည်များ ၊ Soft Drink ၊ ကော်ဖီ ၊ ကိုရီယား လက်ဖက်ရည် ၊ ဝိုင် ၊ အရက်နှင့်ဘီယာများ ရရှိနိုင်ပါတယ်။
ဆိုင်ရဲ့ အပေါ်ထပ်တွင် Business Meeting ၊ Birthday Party ၊ Group Party များကျင်းပနိုင်ရန် Private Room ၅ ခန်း ရှိပြီး Room Charges မှာ တစ်နာရီ ၁၀,၀၀၀ ကျပ်ကျသင့်မှာ ဖြစ်ပါတယ်။ Bulgogi Brothers Restaurant မှ Lunch Box Delivery Service ပေးပြီး မနက် ၁၀နာရီမှ ည ၁၀နာရီ အတွင်း ဖုန်းဆက်မှာယူ လိုက်တာနဲ့ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ Bulgogi Brother Special BBQ နှင့် Ribeye Steak တို့ကတော့ ဆိုင်ရဲ့ အရောင်းရဆုံးနဲ့ လူကြိုက် အများဆုံး အစားအစာများဖြစ်ပါတယ်။

Bulgogi Brothers Korean Restaurant

ထောက်ခံချက် အမှတ်အသား