များများဖတ်ရန်
  • မြန်မာအစားစာ / တရုတ် အစားစာ
  • K.5000-

Amari Kafe

Amari Kafe ဆိုင် ကို အမှတ် ၆၅၅ ဘီ၊ ဗြမ္မစိုရ် လမ်း၊ တောင်ဥက္ကလာပ မြို့နယ်၊ ရန်ကုန် မြို့ တွင် ဖွင့်လှစ် ထား ပါသည်။ ဆိုင် တွင် အထပ် ၂ ထပ် ပါရှိ ပြီး သန့်ရှင်း သပ်ရပ်ကာ ခေတ်မီ လှပစွာ အလှဆင်ထားပြီး လူဦးရေ ၅၀ အထိ စားသုံး နိုင်ပါ သည်။ ဆိုင်တွင် တရုတ် အစားအစာ မျိုးစုံ၊ ရာသီပေါ် သစ်သီဖျော်ရည် နှင့် ကော်ဖီများ ကို ရရှိ နိုင်ပါ သည်။ ဆိုင်ဖွင့်ချိန် မှာ မနက် ၇ နာရီ မှ ည ၆ နာရီ အထိ ဖွင့်လှစ် ထားသောကြောင့် မနက်စာ၊ နေ့လည်စာ၊ ညစာ အတွက် အဆင်ပြေစွာ စားသောက် နိုင်သော နေရာလေး ဖြစ်ပါ သည်။ ဆိုင်၏ လူကြိုက် အများဆုံး နှင့် အရောင်းရဆုံး အစားအစာ မှာ ကော်ရည်ခေါက်ဆွဲ နှင့် ပြည်ပလာတာ တို့ ဖြစ်ပါ သည်။ ဆိုင်တွင် ပါတီပွဲ များ၊ မွေးနေ့ ပွဲ များ၊ တခြားသော ပွဲ အမျိုးမျိုး ကို ကျင်းပ နိုင်သော နေရာ လေး တစ်ခု ဖြစ်ပါ သည်။ ဆိုင် ၀န်ထမ်း များ မှာ ယဉ်ကျေး ဖော်ရွေ မှု ရှိပြီး လာရောက် စားသောက်သူ အပေါ် တွင် အကောင်းဆုံး ၀န်ဆောင် မှု ပေး နေ ပါသည်။ ထို့ကြောင့် Amari Kafe ဆိုင် သည် အရသာ ရှိသော တရုတ် အစားအစာ များ၊ အအေးများ နှင့် ကော်ဖီ များ ကို သက်သာသော ဈေးနှုန်း များ ဖြင့် ရောင်းချပေး နေသော အကောင်းဆုံး Café တစ်ခု ဖြစ်ပါ သည်။

Amari Kafe

ထောက်ခံချက် အမှတ်အသား