များများဖတ်ရန်
  • တရုတ် အစားစာ
  • K.1000-10000
  • K.1000-10000

August စားသောက်ဆို်င်ကို နိုဝင်ဘာလ ၊ ၂၀၁၅ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အင်းစိန်လမ်း ၊ လှည်းတန်း မီးပွိုင့်အနီး ၊ ကမာရွှတ်မြို့နယ် တွင်တည်ရှိပါတယ်။ လူစည်ကားရာ နေရာတွင် တည်ရှိသောကြောင့် စားသုံးသူများနဲ့ အမြဲတမ်း ပြည့်နှက်နေတဲ့ ဆိုင်လေးတစ်ခု ဖြစ်ပါတယ်။ ဆိုင်မှာ နှစ်ထပ်ရှိကာ အလွန် မကျယ်ဝန်းသော်လည်း လူဦး ၄၀ကျော်ခန့် ဝန်ဆန့်ပါတယ်။ ခေတ်ဆန်တဲ့အပြင်ဆင်လေးရှိပြီး နှစ်ယောက် စားပွဲ ၊ လေးယောက် စားပွဲ များ ခင်းကျင်းထားသည့် အပြင် နံရံကပ် Coffee Bar တွင်လည်း ထိုင်ကာ သုံးဆောင်နိုင်ပါတယ်။ ဆိုင်အတွင်းသို့ ဝင်ရောက်လိုက်ပါက လူငယ်ကြိုက် ကိုရီယားသီချင်း ၊ အင်္ဂလိပ်သီချင်းများကို ခံစား နားဆင်နိုင်မှာ ဖြစ်ပါတယ်။

အစားအသောက်များ အနေနဲ့ ထိုင်ဝမ် Bubble Tea နှင့် အခြား Tea အမျိုးကို အဓိကရောင်းချသည့် အပြင် ကော်ဖီ ၊ ရေခဲ့မုန့် ၊ အီတလီ ဆိုဒါ နှင့် အအေးအမျိုးမျိုးကို ရရှိနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါး စားသုံးနိုင်တဲ့ ဆန်းဝှစ် ၊ အားလူးချောင်းကြော် ၊ ကြက်သားကြော် ၊ ပြည်ကြီးငါးကြော် ၊ Sausage ၊ Fish Ball ၊ Taiwan Tofu စသည်တို့ကို သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ တစ်ဦးစာ တစ်ပွဲချင်း ဝယ်ယူစားသုံးနိုင်သလို မိသားစု ၊ သူငယ်ချင်းများ နှင့် အုပ်စုလိုက် လာရောက်ပါက အဆင်ပြေစေရန် ပွဲကြီးများကိုလည်း စီစဉ်ထားပါတယ်။ ထမင်းနှင့် ကြက်ကြော် ၊ ထမင်း နှင့် ပြည်ကြီးငါးကြော် တို့ကို လည်း အချို ၊ အချဉ် ၊ အစပ် စတဲ့ အရသာသုံးမျိုးမှ နှစ်သက်ရာ အရသာကို မှာယူ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်

August တွင် အစားအသောက်များ ဈေးနှုန်းချိုသာပြီး ဖော်ရွှေ ယဉ်ကျေးသော ဝန်ထမ်းများမှ အကောင်းဆုံး ဝန်ဆောင်မှုပေးတာကြောင့် လာရောက် အားပေးသုံးဆောင်သူများမှာ စိတ်ကျေနပ်စေမှာ ဖြစ်ပါတယ်။ ပုံမှန်လာရောက် အားပေးသူများ အတွက် အအေး ၁၀ခွက်ပြည့်လျင် အအေးတစ်ခွက်နှင့် အာလူးချောင်းကြော်တစ်ပွဲ လက်ဆောင်ပေးတဲ့ အစီအစဉ်လည်းရှိပါတယ်။ ဆိုင်ရဲ့ အရောင်းရဆုံးနဲ့ လူကြိုက်အများဆုံး အစားအစာများကတော့ Bubble Milk Tea နှင့် ကြက်ကြော် တို့ဖြစ်ပါတယ်။

August Drinks & Fried Chicken

  • တရုတ် အစားစာ
  • ထမင်း နှင့်ဟင်းလျာ
  • ပြင်ပ သို့  ယူဆောင်သွားနိုင်သည်။ | လေအေးပေးစက်
  • စုံတွဲ | အဖွဲ့လိုက်၊ပါတီ | အမျိုးသား | အမျိုးသမီး | သင်တင့်သောဈေးနှုန်း
  • +959794432830
  • 10:00 AM - 10:00 PM ( ဘာမှမရှိပါ )
  • Building(1), Room(12), Insein Road, near Hledan traffic, Kamayut Tsp,Yangon.
  • Facebook
  • 70

ထောက်ခံချက် အမှတ်အသား